လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း..

Wednesday, November 13, 2013

မနိုင်မနင်း... သူ့ရင်တွင်း..


Sunday, September 8, 2013

အမျိုးသားတို့ အထင်ကြီး၊သဘောကျအောင်.....


အမျိုးသားတို့ အထင်ကြီး၊သဘောကျအောင် မမတို့အတွက် ဆောင်ရန် ၁၃ ချက်










ဒီနည်းလမ်းတွေအတိုင်းသာ ကျင့်သုံးသွားရင် အမျိုးသားတို့ရဲ့ အထင်ကြီး၊လေးစား၊ သဘောကျခြင်း ခံရမယ်လို့ ညွန်းထားပါတယ်။ အနောက်တိုင်းက ကျန်းမာရေးနဲ့ Life style ဝဘ်ဆိုဒ်တစ်ခု က ဖော်ပြထားတာဖြစ်ပါတယ်။ အမျိုးသမီးများ အနေနဲ့ အမျိုးသားတို့ အထင်ကြီး ခံရရန် ကျင့်ကြံရမယ့် နည်းလမ်း ၁၃ ချက်ဆိုပြီး ဖော်ပြထား ပါတယ်။ ဒီတော့ မြန်မာ့ယာဉ်ကျေးမှုနဲ့ ကိုက်ညီအောင် မြန်မာအမျိုးသမီး များအတွက် ယခုလို အနီးစပ်ဆုံး ဘာသာပြန်မျှဝေ ပေးလိုက်ပါတယ်။

ဆာရီဆီးနာပန်းခြံသို့ လေ့လာရေး..


ငယ်ငယ်က အရမ်းကြိုက်ခဲ့တဲ့ ကျန်ကျောင်းသီချင်း

                                



အံ့သြဖွယ်ရာ သခွားသီး အစွမ်းများ






၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။
 သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ်
အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီ
ယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ
 မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့်
 မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

“သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများ”


                    



















မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင်
ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနစ်မှာ ၁
၉၅၂ ဖြစ်သည်။

ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်
အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်း
အကျဉ်းဖြစ်ပါသည်။

သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများ

နှစ်သက်မိသော ပို့စ်လေး..

ဖြစ်ရမယ်...
 






















"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက

စင်ကာပူဒေါ်လာကဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား

ခေါင်းလေးပုဝင်သွားသည်။
ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော်
ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ

ဝယ်လာခဲ့တာပါ။

အပြစ်တစ်ခု၏ နောက်ကွယ်..













     နေမွန်းတည့်ခဲ့တာ သုံးနာရီကျော်ကျော်မျှ ကြာသွားခဲ့လေပြီ...။
                    တိတိကျကျဆိုရပါလျှင် မွန်းလွှဲ သုံးနာရီကျော်.....။ ချမ်းအေးလှပါသည်ဆိုသော ပြင်ဦးလွင်မြို့လေးကားယခုအချိန်တွင်မတော့ မာန်ဟုန်ပြင်းသည့် အပူငွေ့တွေကို တငွေ့ငွေ့ ထုတ်လွင့်လျှက် ရှိနေဆဲဖြစ်သည်....။
                        မင်းခနှင့်မြတ်မင်းမောင်တို့ ဒုတိယနှစ်ဗိုလ်လောင်းသူငယ်ချင်းနှစ်ယောက် Academic အိတ်ကိုယ်စီဆွဲကာ တဆိုင်ဝင်တဆိုင်ထွက်၊ တလမ်းကျော်တလမ်းဖြတ်ဖြင့် မြို့ပတ်လို့ကောင်းနေကြဆဲ....။
                       "ငါတို့ Out pass က လေးနာရီထိရတာ ဟုတ်ပါတယ်နော်..မင်းခ"

မှုန်ပြာပြယ်လွင့် အားမာန်ဝင့်



Uင်ပန်းမှုနှင့် ပျော်ရွှင်မှုတို့ပေါင်းစပ်ထားသော ကာလတစ်ခုကို ပြပါဆိုပါက ကျွန်တော်တို့၏
first yearတပ်ပြင်လေ့ကျင့်ခန်း(Out door)ကာလကို လက်ညိုးထိုးပြရပေလိမ့်မည်..။ တပ်စိပ်တိုက်စစ် လေ့ကျင့်ခန်းများလုပ်ရ၍ ပင်ပန်းသည် မှန်သော်လည်း.. တစ်နှစ်နေမှ ခုနှစ်ရက်လောက်သာ စီနီများနှင့် ကင်းလွတ်ခွင့်ရသော ဤ Out door ကာလသည်
ကျွန်တော်တို့ first year များအတွက် ရွှေထက်ပင်တန်ဖိုးရှိတာ အမှန်ပါ...။
    လူမနီးသူမနီး၊ရွာများနှင့်မနီး ကျောင်းတော်ကြီးနှင့်ဝေးရာ တောထဲ ရောက်နေသည်ဖြစ်၍
လည်း ကျောင်းတော်ကြီးမှာလိုမနက်ငါးနာရီ အိပ်ယာထစရာမလို၊ ငါးနာရီခွဲ PT ဆင်းစရာမလို၊ အဆောင်စစ်လုပ်စရာမလို....။သို့သော် ပင်ပန်းမှုတွင်ကား.. ကျောင်းတော်မှာထက်
 နှစ်ဆမျှရှိသည်..။

သူတို့ပြန်ကြလေပြီ...



                                                   
                                                          (၁)

သူတို့ပျံကြလေပြီ.....။

 သူတို့ဆိုသည်မှာ ခိုငှက်ကလေးများဖြစ်ကြသည်..။သစ်ပင်၏ အကိုင်းအခက်များသည်

 လှုပ်ခါ၍ ကျန်ရစ်ခဲ့သည်..။

                                    ***********************
                                                          (၂)

       နွေဦးပေါက်၇ာသီမို့ပဲလား..မသိ..။သစ်ပင်တွေပေါ်မှာ ခိုငှက်ကလေးများကို အမြဲလိုလို

မြင်တွေ့နေရသည်..။ပြတင်းပေါက်ဘောင်ပေါ်မှာ.  .၊အဆောင်နောက်က  သစ်ပင်တွေပေါ်မှာ..၊

တစ်ခါတစ်ရံ မီးဖိုခန်းထဲအထိဝင်ပြီး.. ထမင်းကျန်ဟင်းကျန်အစအနလေးများကို စားတတ်

သေးသည်..။လူတွေ့လို့ကတော့ သုတ်ကနဲပျံပြေးသွားကြတာ မြန်မှမြန်..။ ဘာပင်မှန်းမသိသည့်

အဆောင်နောက်က သစ်ပင်ကြီးတွေကတော့ စိမ်းလန်းနေဆဲ..၊  မနေ့က မိုးကြောင့်ထင်သည်..။

     ပြတင်းပေါက်ဘောင်မှနေ၍ အဆောင်နောက် ရှုခင်းများကို ငေးမောကြည့်နေမိသည့်

ကျွန်တော့်စိတ်အစဉ်သည် ခန္ဗ္ဓာကိုယ်မှာမရှိ...။ အတွေးတို့  လေလွင့်နေမိဆဲ...။

ရုရှားချဉ်ဖတ်


လိုအပ်သော ပစ္စည်းများ
...................
 မြန်မာပြည်က ချဉ်ပတ်ကို တမ်းတနေကြတဲ့ ပြည်ပရောက် သူငယ်ချင်းများအတွက် “ရုရှားချဉ်ပတ်” လုပ်နည်းလေးကို ပြောပြလိုက်တယ်နော်..။


ရုရှားချဉ်ပတ်ပြုလုပ်ဖို့ အတွက်...
၁။ ပန်းဂေါ်ဖီ တပွင့်
၂။ မုန်လာဥနီ ၅လုံး
၃။နံနံပင် တစည်း
၎။ငရုတ်သီးစိမ်း ၅တောင့်
၅။ဆား ၁/၂ ဇွန်း
၆။သကြား ၁ဇွန်း
၇။ဆီ၅ကျပ်သား
၈။ရှာလကာရည် ၁၀သားတို့ဖြစ်ပါတယ်။

ပထမဦးစွာ အသီး အရွက်များကို ပုံတွင် ပြထားသည့်အတိုင်း ရေစင်ကြယ်အောင်ဆေးပြီး အဆင်သင့်လုပ်ထားပါ။ရေ ၁လီတာခွဲခန့်ကို ဆူပွက်အောင်ကျိုပါ။ရေများ ပွက်ပွက်ဆူလာလျှင် ဆား၊သကြား၊ဆီ၊ရှာလကာရည်များကို လောင်းထည့်ပြီးနှံ့အောင်မွှေပါ။ပြီးလျှင်တော့ အသင့်လှီးချွတ်ထားသော ဟင်းသီး ဟင်းရွက်များထဲသို့ လောင်းထည့်လိုက်ပါ။အဖုံးပါသော ပလတ်စတစ်ဘူးရှိလျှင် ရေနွေးများ အနည်းငယ် အေးသွားသည့်အချိန်တွင် ပလတ်စတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကို လုံစွာပိတ်ထားလိုက်ပါ။
၁ရက်ခွဲအကြာတွင် နံနံပင်အနံ့လေးနှင့် ချိုချဉ်အရသာရှိသော သန့်ရှင်းစင်ကြယ်သည့် ရုရှားချဉ်ပတ်လေးများကို အသင့်စားသုံးနိုင်ပါပြီ။

မှတ်ချက်။ ။ ဟင်းသီးဟင်းရွက်များနှင့် ချဉ်၊ငံ အရသာများကို မိမိတို့စိတ်ကြိုက် ချိန်ဆ ထည့်နိုင်ပါသည်။

ကဲ..အော်လိုက်မယ်နော်....
“ဟောဒီက ရုရှားချဉ်ပတ်”.....
:P
:D
;;)

အသဲ


ငါးဖယ်ချဉ်ချက်နည်း



ပါဝင်ပစ္စည်းများ
.....................
• ငါးဖယ် - ၅၀၀ ဂရမ် (ပုစွန်ဆိုရင် နုပ်နုပ်စဉ်း(သို့)အကောင်လိုက်
ချဉ်နိုင်ပါတယ်။)
• ဆား - ၁၅၀ ဂရမ်
(ဆားများမှ ချဉ်ပါမယ်။ ချဉ်သွားရင် မငန်ပါဘူးနော်)
nam ပေါင်ဒါကို ဆားအစားသုံးရင်၂ ရက်အတွင်းချဉ်ပါမယ်။
(ပေါင်ဒါကို အသားချဉ်ချဉ်ရာမှာလည်း သုံးနိုင်ပါတယ်နော်)
ကျွန်မက သားအစိမ်းအတိုင်းစားမှာမို့ ယမ်းမသုံးချဉ်လို့ပါ။
• ထမင်းကြမ်း - လက်၂ဆုပ်စာ(ထမင်းရိုးရိုးလည်းရပါတယ်)


 ပြုလုပ်နည်း
................
၁။ ထမင်းကြမ်း လက်တစ်ဆုပ်ခွဲစာကို ပြဲနေအောင်ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထည့်ချေထားသော ထမင်းကြမ်းထည့်ပြီးနယ်ပါ။
ရိုးရိုး ငါးဖယ်စီးအောင် ပေါက်သလိုပေါက်ပါ (သို့) စီးသည်အထိနယ်ပါ။

၂။ ငါးဖယ်စီးလာရင် အိတ်ထဲထည့်ပြီး ကျစ်နေအောင်စည်းပါ။
ပြီးရင် အောက်ကဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး
ငါးဖယ်ချဉ်လောင်းထုပ်လေးကို တင်ပြီး အလေးတစ်ခုနဲ့ ဖိထားလိုက်ပါ။
မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှာထားပါ။ ၃ ရက်လောက်ဆိုရင်
အိတ်ထဲမှာ အရည်လေးများထွက်နေပါမယ်။ အဲဒီအခါမှ အပေါက်လေးများ
ဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာ တွေ့ရပါမယ်။

၃။ ပန်းကန်မပါလည်း အဲလို သံဇကာနဲ့ အောက်က ဗန်းခံလို့ရပါတယ်။

၎။ အရည်ကျပြီးနောက် ၂ ရက်လောက်ဆို ချဉ်ပါပြီ။ အရောင်လေးလည်း
ပန်းရောင်ဖျော့ဖျော့ ဖြစ်နေပါပြီ။ အထုပ်လေးကိုတို့ကြည့်ပါ။
ထုတ်ထုတ်လေးဖြစ်ပြီဆိုရင် အသားမြည်းကြည့်ပါ။

၅။ အချဉ်အနေအထား စိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။
ရာသီဥတု အပူအအေး ပေါ်မူတည်ပြီး ၅ ရက်ကနေ ၇ ရက်ကြာတတ်ပါတယ်။

အဆင်ပြေကြပါစေ။
ချဉ်သွားရင် ဘူးတစ်ဘူးထဲထည့်ပြီး ဆီမြုပ်အောင်ထည့်ထားလိုက်ပါ။ အကြာကြီးခံပါတယ်။





ကမ်းခြေ