လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း..

Sunday, September 8, 2013

ရုရှားချဉ်ဖတ်


လိုအပ်သော ပစ္စည်းများ
...................
 မြန်မာပြည်က ချဉ်ပတ်ကို တမ်းတနေကြတဲ့ ပြည်ပရောက် သူငယ်ချင်းများအတွက် “ရုရှားချဉ်ပတ်” လုပ်နည်းလေးကို ပြောပြလိုက်တယ်နော်..။


ရုရှားချဉ်ပတ်ပြုလုပ်ဖို့ အတွက်...
၁။ ပန်းဂေါ်ဖီ တပွင့်
၂။ မုန်လာဥနီ ၅လုံး
၃။နံနံပင် တစည်း
၎။ငရုတ်သီးစိမ်း ၅တောင့်
၅။ဆား ၁/၂ ဇွန်း
၆။သကြား ၁ဇွန်း
၇။ဆီ၅ကျပ်သား
၈။ရှာလကာရည် ၁၀သားတို့ဖြစ်ပါတယ်။

ပထမဦးစွာ အသီး အရွက်များကို ပုံတွင် ပြထားသည့်အတိုင်း ရေစင်ကြယ်အောင်ဆေးပြီး အဆင်သင့်လုပ်ထားပါ။ရေ ၁လီတာခွဲခန့်ကို ဆူပွက်အောင်ကျိုပါ။ရေများ ပွက်ပွက်ဆူလာလျှင် ဆား၊သကြား၊ဆီ၊ရှာလကာရည်များကို လောင်းထည့်ပြီးနှံ့အောင်မွှေပါ။ပြီးလျှင်တော့ အသင့်လှီးချွတ်ထားသော ဟင်းသီး ဟင်းရွက်များထဲသို့ လောင်းထည့်လိုက်ပါ။အဖုံးပါသော ပလတ်စတစ်ဘူးရှိလျှင် ရေနွေးများ အနည်းငယ် အေးသွားသည့်အချိန်တွင် ပလတ်စတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကို လုံစွာပိတ်ထားလိုက်ပါ။
၁ရက်ခွဲအကြာတွင် နံနံပင်အနံ့လေးနှင့် ချိုချဉ်အရသာရှိသော သန့်ရှင်းစင်ကြယ်သည့် ရုရှားချဉ်ပတ်လေးများကို အသင့်စားသုံးနိုင်ပါပြီ။

မှတ်ချက်။ ။ ဟင်းသီးဟင်းရွက်များနှင့် ချဉ်၊ငံ အရသာများကို မိမိတို့စိတ်ကြိုက် ချိန်ဆ ထည့်နိုင်ပါသည်။

ကဲ..အော်လိုက်မယ်နော်....
“ဟောဒီက ရုရှားချဉ်ပတ်”.....
:P
:D
;;)

0 comments:

Post a Comment